နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်) – ပုဒ်မ ၇၁
အခန်း (၁၃)
ဝန်ထမ်းမှတ်တမ်း
၇၁။ ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရသည်မှအစပြု၍ အငြိမ်းစားယူသည်အထိ ဝန်ထမ်းဖြစ်စဉ် ဖော်ပြသည့်ဝန်ထမ်းမှတ်တမ်းစာအုပ်ကို သတ်မှတ်ချက်များနှင့်အညီသက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းက ထိန်းသိမ်းထားရှိရမည်။