နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်) – ပုဒ်မ ၄၈
၄၈။ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် –
- (က) ဌာနဆိုင်ရာစစ်ဆေးမှု အမှုတွဲဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စာရွက် စာတမ်းများ၊ သက်သေထွက်ဆိုချက်များ၊ အခြားအထောက်အထားများနှင့် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားရှိရမည်။
- ( ခ ) ဌာနဆိုင်ရာစစ်ဆေးခြင်းခံရသည့် ဝန်ထမ်းကိုရှေးဦးစွာစွဲချက်တင်၍စွဲချက်လွှာကို ဝန်ထမ်းထံပေးပို့ပြီး အချိန်လုံလောက်စွာပေး၍ ချေပလွှာတင်ပြခွင့်ပေးရမည်။
- ( ဂ ) ဝန်ထမ်း၏ ချေပလွှာကိုလက်ခံရရှိသည့်အခါ သက်သေများကိုစစ်ဆေး၍ သက်သေ ထွက်ဆိုချက်များအား စနစ်တကျမှတ်တမ်းတင်ရမည်။ ဌာနဆိုင်ရာစစ်ဆေးခြင်း ခံရသည့်ဝန်ထမ်းကိုယ်တိုင်လာရောက်၍ ထုချေဖြေရှင်းထွက်ဆိုလိုပါက ခွင့်ပြုရမည်။ ယင်းသို့ဝန်ထမ်း ကိုယ်တိုင်လာရောက်၍ထုချေဖြေရှင်းသည့်အခါ ဝန်ထမ်းက တောင်းဆိုလျှင်ယင်းကိုကူညီရန် ရှေ့နေသို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ခွင့်ပြုနိုင် သည်။
- (ဃ) စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ တင်ပြရ မည်။
- ( င ) ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် အမှုအကြောင်းအရာ အကျဉ်းချုပ်၊ စွဲချက်၊ စစ်ဆေးတွေ့ရှိချက်၊ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်တို့ကို ဖော်ပြရမည်။