နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၁၆)
၁၆။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၄ တွင်ပါရှိသော “လျော်ကြေးပင်စင်ခံစားခြင်း၊ ကွယ်လွန်အနိစ္စ ရောက်ခြင်း တစ်ခုခုဖြစ်ပါက လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့်တို့ကို ရခွင့်ရှိသည်” ဆိုသည့် စကားရပ်ကို “လျော်ကြေးပင်စင်ခံစားခြင်း၊ လျှော့ပေါ့ပင်စင်ခံစားခြင်း၊ ကွယ်လွန်အနိစ္စရောက်ခြင်း တစ်ခုခုဖြစ်ပါက လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့်တို့ကိုရခွင့်ရှိသည်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။