နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ(၃)
၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃ တွင် –
- (က) နည်းဥပဒေခွဲ (ခ) ကို ပယ်ဖျက်ရမည်။
- ( ခ ) နည်းဥပဒေခွဲ(ဃ) ကို အောက်ပါအတိုင်းအစားထိုးရမည် –
“ (ဃ) အစမ်းခန့်ခြင်းဆိုသည်မှာ ဖွဲ့စည်းပုံပါ ဝန်ထမ်းအမျိုးအစားတစ်မျိုး၏ စတင်ခန့် ရာထူးတွင် ပုဂ္ဂိုလ်တစ်ဦးအား အတည်ပြုခန့်ထားခြင်းမပြုမီ ထိုဝန်ထမ်း အမျိုးအစား၏ လုပ်ငန်းသဘာဝအရ တတ်မြောက်ကျွမ်းကျင်စေရန်အတွက် ရှေးဦးစွာလေ့ကျင့်ပေးရန် လိုအပ်သောကြောင့် သီးခြားစည်းကမ်းချက်များ သတ်မှတ်လျက် အစမ်းခန့်ကာလထားရှိပြီး ခန့်ထားခြင်းကိုဆိုသည်။”