နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ(၁၂)
၁၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၂၊ နည်းဥပဒေခွဲ (ဃ) တွင် ပါရှိသော “စုစုပေါင်းကာလသည် လေးလထက် မပိုစေရ။” ဆိုသည့် စကားရပ်ကို “စုစုပေါင်းကာလသည် နှစ်လထက် မပိုစေရ။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။