Union Civil Service Board

Union Civil Services Board Law and Rules,

Civil Service Personnel Law and Rules, Civil Service Affairs


Search
Generic filters
Filter by Lawbook Names
Civil Service Personnel Rules
Civil Services Personnel Law
Union Civil Services Board Rule
Union Civil Services Board Law
Civil Service Affairs

Please find with these keyword ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၈။ တရားရုံး၏ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းသည့် အမိန့်ကို ပယ်ဖျက်ခြင်းမရှိသေးပါသဖြင့် မည်သည့်နေ့ရက်အထိ စားစရိတ်တွက်ပေးခွင့်ရှိ/ မရှိနှင့် ၎င်းအား ဝန်ထမ်းအဖြစ်မှထုတ်ပစ်နိုင်ရေး အမိန့်ကြော်ငြာစာထုတ်ပြန်မည်ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ကိုက်ညီမှုရှိ/ မရှိကိစ္စ

၈။         တရားရုံး၏ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းသည့် အမိန့်ကို ပယ်ဖျက်ခြင်းမရှိသေးပါသဖြင့် မည်သည့်နေ့ရက်အထိ စားစရိတ်တွက်ပေးခွင့်ရှိ/ မရှိနှင့် ၎င်းအား ဝန်ထမ်းအဖြစ်မှထုတ်ပစ်နိုင်ရေး အမိန့်ကြော်ငြာစာထုတ်ပြန်မည်ဖြစ်ပါသဖြင့်  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် ကိုက်ညီမှုရှိ/ မရှိကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅၆ အရ တရားစွဲဆိုခြင်းခံရသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (က) ပါပြဋ္ဌာန်းချက်နှင့်အညီ တာဝန်မှယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သဖြင့် ယင်းအား တိုင်းဒေသကြီးတရားလွှတ်တော်မှ ထောင်ဒဏ် (၄) နှစ် (ထောင်ဒဏ်မှချုပ်ရက်များ ထုတ်နုတ် ကျခံစေ) ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည့်အတွက် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် ရက်နေ့ အထိ စားစရိတ်ထောက်ပံ့ကြေးကို ခံစားခွင့်ပြုသင့်ပါသည်။  သက်ဆိုင်ရာဌာနအနေဖြင့် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ဝန်ထမ်းအား ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်း မပြုလုပ်ဘဲ၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismiss) ပြစ်ဒဏ်ချမှတ်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၄၁ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (ဂ) နှင့် နည်းဥပဒေ ၁၉၃၊ နည်းဥပဒေခွဲ (ခ) တို့ပါပြဋ္ဌာန်းချက်များအရ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ဝန်ထမ်းမှ တိုင်းဒေသကြီးတရားလွှတ်တော်မှ ချမှတ်ခဲ့သည့်အမိန့်အပေါ် အယူခံဝင်ရောက်၍ အယူခံတရားရုံးမှ မူလတရားရုံး၏ ပြစ်ဒဏ်ကိုပယ်ဖျက်ခဲ့မည်ဆိုပါက ဌာနအနေဖြင့် နည်းဥပဒေ ၂၁၄၊ နည်းဥပဒေခွဲ (က) ပါပြဋ္ဌာန်းချက်နှင့်အညီ ဝန်ထမ်းအား ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismiss) ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းကို ပြန်လည်သုံးသပ်စိစစ်ရမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

en_USEN