Union Civil Service Board

Union Civil Services Board Law and Rules,

Civil Service Personnel Law and Rules, Civil Service Affairs


Search
Generic filters
Filter by Lawbook Names
Civil Service Personnel Rules
Civil Services Personnel Law
Union Civil Services Board Rule
Union Civil Services Board Law
Civil Service Affairs

Please find with these keyword ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၇။ ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားခြင်းကို ကင်းလွတ်ခွင့်ပြုပြီး ရာထူးမှကင်းကွာ နေခဲ့ရသည့်ကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်၍ လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့် ပြုရေးနှင့် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စ

၇။         ဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားခြင်းကို ကင်းလွတ်ခွင့်ပြုပြီး ရာထူးမှကင်းကွာ နေခဲ့ရသည့်ကာလကို တာဝန်ချိန်အဖြစ်သတ်မှတ်၍ လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့် ပြုရေးနှင့် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅၆ အရ တရားစွဲဆိုခြင်းခံရသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ(က) ပါပြဋ္ဌာန်းချက်နှင့်အညီ ၆-၉-၂၀၁၉ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်း ခဲ့ခြင်းဖြစ်သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၅၆၁ (က) အရ အမှုကိုချေဖျက်လိုက်သည့်အတွက် ရာထူးမှကင်းကွာနေခဲ့ရသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်၍ လစာအပြည့်နှင့်စရိတ်တို့ကို ပြန်လည်ထုတ်ယူခွင့်ပြုရန် ဆောင်ရွက်သွားလိုခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆၈၊ နည်းဥပဒေခွဲ(က)နှင့် နည်းဥပဒေ ၁၇၉၊ နည်းဥပဒေခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိပါသည်။ ဌာနအနေဖြင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှ ဝန်ထမ်းအား စွဲဆိုထားသည့်အမှုကို ချေဖျက်လိုက်သည့်အမိန့် ချမှတ်ခဲ့ သော်လည်း ၎င်းအား ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်လှစ်၍ စစ်ဆေးခြင်းကိုဆောင်ရွက်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၇၉၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၂) ပါပြဋ္ဌာန်းချက်အရ ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၂ မှ နည်းဥပဒေ ၂၀၈ အထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာစစ်ဆေးမှုကို ဖွင့်လှစ်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

en_USEN