Union Civil Service Board

Union Civil Services Board Law and Rules,

Civil Service Personnel Law and Rules, Civil Service Affairs


Search
Generic filters
Filter by Lawbook Names
Civil Service Personnel Rules
Civil Services Personnel Law
Union Civil Services Board Rule
Union Civil Services Board Law
Civil Service Affairs

Please find with these keyword ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါ“အောက်ဖော်ပြပါအခြေအနေမျိုး” ဆိုသည့် စကားရပ်သည် နည်းဥပဒေခွဲ (၄) ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သည်ဟု သုံးသပ်မှုနှင့် “နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါ သတ်မှတ်ချက်များကို လိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်” ဆိုသည့် စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန်မဟုတ်ကြောင်း သုံးသပ်ဆောင်ရွက်ချက်တို့နှင့် စပ်လျဉ်း သည့်ကိစ္စ

၄။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါအောက်ဖော်ပြပါအခြေအနေမျိုးဆိုသည့် စကားရပ်သည် နည်းဥပဒေခွဲ () ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သည်ဟု သုံးသပ်မှုနှင့်နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါ သတ်မှတ်ချက်များကို လိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်ဆိုသည့် စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန်မဟုတ်ကြောင်း သုံးသပ်ဆောင်ရွက်ချက်တို့နှင့် စပ်လျဉ်း သည့်ကိစ္စ

သက်ဆိုင်ရာဌာနအနေဖြင့် ခွင့်စည်းကမ်းများကို ဖောက်ဖျက်၍ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဌာန ဆိုင်ရာညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ CDM (Civil Disobedience Movement) လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းပြုလုပ်ခဲ့သည့် ဝန်ထမ်းများအား ဌာနဆိုင်ရာအရေးယူပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ယင်းတို့၏ကျူးလွန်ဖောက်ဖျက်ခဲ့သည့် ပြစ်မှုအတိမ်အနက်ပေါ်မူတည်၍ ထိုက်သင့်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၂ နှင့် နည်းဥပဒေ ၁၉၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ဌာနဆိုင်ရာစစ်ဆေးမှုကို ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သဖြင့်လည်းကောင်း၊  နည်းဥပဒေ ၁၉၆ ပါ ပြဋ္ဌာန်းချက်အရ စွဲချက်မတင်ပါက ဌာနဆိုင်ရာစစ်ဆေးမှု ပျက်ပြယ်သဖြင့်လည်းကောင်း ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် စွဲချက်တင်ခြင်းတို့ကို ခြွင်းချက်ပြုရန်မသင့်ပါ။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၀၂ ပါ“အောက်ဖော်ပြပါအခြေအနေမျိုး” ဆိုသည့်စကားရပ်သည် နည်းဥပဒေခွဲ (၄) ခုလုံးဖြစ်စေ၊ တစ်ခုခုနှင့်ဖြစ်စေ အကျုံးဝင်သဖြင့်လည်းကောင်း၊ “နည်းဥပဒေ ၁၉၄ မှ ၂၀၁ ပါသတ်မှတ်ချက်များကိုလိုက်နာခြင်းမှ ခြွင်းချက်ပြုနိုင်သည်” ဆိုသည့်စကားရပ်သည် အားလုံးကို ခြွင်းချက်ပြုရန် မဟုတ်သဖြင့်လည်းကောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ဆောင်ရွက်ချက်များသည် လျော်ကန်သင့်မြတ်မှုရှိပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူဆောင်ရွက်သင့်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

en_USEN