ဝန်ထမ်းကျင့်ဝတ် အပိုဒ်၆
တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့်သက်ဆိုင်သည့်စည်းကမ်းများ
၆။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို လိုက်နာရမည် –
-
-
- (က) တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန်ကို ပေါ့ဆစွာထမ်းဆောင်ခြင်းမပြုဘဲ ရာထူးနှင့်လျော်ညီသော လုပ်ရည် ကိုင်ရည် အဆင့်အတန်းမီရန် သို့မဟုတ် အရည်အသွေး ပြည့်ဝစေရန် အစဉ်ကြိုးစားအားထုတ်ခြင်း၊
- (ခ) မိမိ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာစည်းမျဉ်း၊စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှု ကြောင့်ဖြစ်စေ နိုင်ငံ့ဘဏ္ဍာငွေ သို့မဟုတ် နိုင်ငံပိုင်ပစ္စည်းဆုံးရှုံးပျက်စီးခြင်း မဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ခြင်း။
- (ဂ) ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း။
-