Union Civil Service Board

Union Civil Services Board Law and Rules,

Civil Service Personnel Law and Rules, Civil Service Affairs


Search
Generic filters
Filter by Lawbook Names
Civil Service Personnel Rules
Civil Services Personnel Law
Union Civil Services Board Rule
Union Civil Services Board Law
Civil Service Affairs

Please find with these keyword ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ဝန်ထမ်းရေးရာကိစ္စရပ်များ – Mobile

၃။ ထို့ပြင် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရန် တာဝန်ရှိသည့်အပြင် တည်ဆဲဥပဒေတို့ကိုလည်း လိုက်နာရမည်။

အခန်း(၂)
ဝန်ထမ်းစည်းကမ်းများ

၄။ ဝန်ထမ်းများသည် အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ၊ တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများနှင့် လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည်။

အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ

၅။ ဝန်ထမ်းသည် အလုပ်ချိန်နှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်  –

      • (က) လုံလောက်သောအကြောင်းရင်းမရှိဘဲ အလုပ်တက်ချိန် နောက်ကျ၍ အလုပ်ခွင်သို့ရောက်ရှိခြင်း၊
      • ( ခ ) လုံလောက်သောအကြောင်းရင်းမရှိဘဲ အလုပ်ဆင်းချိန် ထက်စော၍ အလုပ်ခွင်မှထွက်ခွာခြင်း၊
      • ( ဂ ) တာဝန်ရှိ အကြီးအမှူး၏ ခွင့်ပြုချက်မရဘဲ အလုပ်ခွင်မှ မကြာခဏ ပျက်ကွက်ခြင်း၊
      • (ဃ) ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊
      • ( င ) ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ရက်ထက်ပို၍နေခြင်း သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း၊
      • ( စ ) ခိုင်လုံသောအကြောင်းမရှိဘဲ ခွင့်ပြုထားသည့် အလုပ် ကူးပြောင်းချိန် ကုန်ဆုံးသည့်တိုင် အလုပ်ဝင်ရောက်ရန် ပျက်ကွက်ခြင်း။

တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့်သက်ဆိုင်သည့်စည်းကမ်းများ

၆။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို လိုက်နာရမည် –

      • (က) တာဝန်မကျေပွန်ခြင်း သို့မဟုတ် တာဝန်ကို ပေါ့ဆစွာထမ်းဆောင်ခြင်းမပြုဘဲ ရာထူးနှင့်လျော်ညီသော လုပ်ရည် ကိုင်ရည် အဆင့်အတန်းမီရန် သို့မဟုတ် အရည်အသွေး ပြည့်ဝစေရန် အစဉ်ကြိုးစားအားထုတ်ခြင်း၊
      • (ခ) မိမိ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာစည်းမျဉ်း၊စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှု ကြောင့်ဖြစ်စေ နိုင်ငံ့ဘဏ္ဍာငွေ သို့မဟုတ် နိုင်ငံပိုင်ပစ္စည်းဆုံးရှုံးပျက်စီးခြင်း မဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ခြင်း။
      • (ဂ) ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း။

လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာစည်းကမ်းများ

၇။ ဝန်ထမ်းသည် လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ရှောင်ကြဉ်ရမည် –

          • (က) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် ပြည်ပပညာသင် စေလွှတ်ခြင်းတို့အတွက် အရေးပါသော ကိုယ်ရေး အကြောင်းအရာ၊ အချက်အလက်များကို လိမ်လည်တင်ပြခြင်း၊ ထိမ်ချန်ထားခြင်း သို့မဟုတ် မရိုးသားမှုတစ်ခုခု ပြုလုပ်ခြင်း၊
          • (ခ) တာဝန်ထမ်းဆောင်ရာ၌ ရိုးသားဖြောင့်မတ်မှုမရှိခြင်း၊ လိမ်လည်ခြင်း၊ လိမ်လည်ရန်အားထုတ်ခြင်း သို့မဟုတ် လိမ်လည်ရန် အားပေးကူညီခြင်း၊
          • (ဂ) အခြားဝန်ထမ်းတစ်ဦးဦးကို ထိခိုက်နစ်နာစေရန် မဟုတ် မမှန်စွပ်စွဲတိုင်ကြားခြင်း၊ သူတစ်ပါး၏အမည်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အမည်မှန်ကို ဖုံးဝှက်၍ဖြစ်စေ ပစ်စာရေးသားခြင်း၊
          • (ဃ) အလုပ်ခွင်ငြိမ်းချမ်းသာယာမှုကိုဖြစ်စေ၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှုကိုဖြစ်စေ ပျက်ပြားစေရန် လှုံ့ဆော်ခြင်း သို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်ခြင်းကို အားပေးကူညီခြင်း၊
          • (င) အလုပ်ခွင်တွင် လောင်းကစားခြင်း သို့မဟုတ် မူးယစ်သောက်စားခြင်း၊
          • (စ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော တားမြစ် ဆေးဝါးများကို မှီဝဲသုံးစွဲခြင်း၊
          • (ဆ) တာဝန်ထမ်းဆောင်ရာတွင် ရိုင်းပျစွာ ပြောဆိုပြုမူ ဆက်ဆံခြင်း၊
          • (ဇ) အလုပ်ခွင်တွင် ခိုက်ရန်ဖြစ်ပွားခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်း၊
          • (ဈ) လုပ်ငန်းသုံးပစ္စည်းကိရိယာများကို တမင်သက်သက်ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးစေခြင်း၊
          • (ည) အလုပ်ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို တမင်ဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ ဖောက်ဖျက်ခြင်း၊
          • (ဋ) သိက္ခာကင်းမဲ့စွာပြုမူနေထိုင်ခြင်း၊ ဝန်ထမ်းနှင့်မလျော်ညီအောင် ဝတ်စားဆင်ယင်ခြင်း၊
          • (ဌ) လာဘ်ပေးလာဘ်ယူပြုခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း သို့မဟုတ်တံစိုးလက်ဆောင်ယူခြင်း၊
          • (ဍ) တာဝန်အရ ဆောင်ရွက်ရန်ရှိသည့်အလုပ် သို့မဟုတ် ပြုလုပ်ပေးခဲ့ရသည့် လုပ်ငန်းအတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန် သဘောတူခြင်း၊
          • (ဎ) အခြားဝန်ထမ်းတစ်ဦးအား အမှုကိစ္စတစ်ရပ်ကို ပြုလုပ်ပေး စေရန် သို့မဟုတ် တာဝန်အရပြုလုပ်ရမည့် အလုပ်ကို မပြုလုပ်စေရန်အတွက် ငွေကြေးအပါအဝင် အကျိုး ခံစားခွင့် တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန် သဘောတူခြင်း၊
          • (ဏ) မိမိကဖြစ်စေ၊ အခြားဝန်ထမ်းတစ်ဦးကဖြစ်စေ အမှုကိစ္စ တစ်ခုကို မတရားသော နည်းလမ်းများဖြင့် ဆောင်ရွက် ပေးရန်အတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့် တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန်သဘောတူခြင်း၊
          • (တ) အထက်ပါတရားနည်းလမ်းနှင့်ဆန့်ကျင်သော အကျိုးခံစား ခွင့်များကို အမှုကိစ္စနှင့် တိုက်ရိုက်သက်ဆိုင်သူထံမှသာမက ထိုကိစ္စနှင့်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်နှင့်ဖြစ်စေ ပတ်သက်နေသူ များထံမှ အကျိုးခံစားခွင့် တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန်သဘောတူခြင်း၊
          • (ထ) လုပ်ငန်းနှင့်ပတ်သက်သည့်ငွေ သို့မဟုတ် ပစ္စည်းကို အလွဲသုံးစား ပြုလုပ်ခြင်း၊ ထိုသို့ပြုလုပ်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
          • (ဒ) ဝန်ထမ်းအဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် စောင့်ထိန်းလိုက်နာရန် သတ်မှတ်ထားသည့် အခြားကျင့်ဝတ် နှင့်စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊
          • (ဓ) တာဝန်အရ အထက်အကြီးအမှူးက ဥပဒေနှင့်အညီ ပေးသည့်အမိန့်ကို ဝန်ထမ်းကိုယ်တိုင်ဖီဆန်ခြင်း၊ အခြား ဝန်ထမ်းတို့ကို ဆန့်ကျင်စေရန် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်စည်းရုံးခြင်း၊
          • (န) လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက် ခြင်း သို့မဟုတ် လုပ်ငန်းဆိုင်ရာလျှို့ဝှက်ချက်များကို မသက်ဆိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အသိပေးခြင်း၊
          • (ပ) နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ်စာတမ်းများ ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊
          • (ဖ) နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်း။

ပါတီနိုင်ငံရေးကင်းရှင်းရန်စည်းကမ်းများ

၈။ ဝန်ထမ်းသည် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အောက်ပါ တို့ကို ရှောင်ကြဉ်ရမည်-

  • (က) ပါတီနိုင်ငံရေး ပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးအကူအညီပေးခြင်း၊ အခြားနည်းထောက်ပံ့ ကူညီခြင်း၊
  • (ခ) ပါတီနိုင်ငံရေး အဖွဲ့အစည်းတွင် ပါဝင်ခြင်း၊
  • (ဂ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်းမဟုတ်သည့် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့တွင် ပါဝင်ခြင်း၊
  • (ဃ) မည်သည့်ရွေးကောက်ပွဲတွင်မျှ ကိုယ်စားလှယ်လောင်း အဖြစ် ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ ကိုယ်စား လှယ်အဖြစ် ဖြစ်စေ ပါဝင်ခြင်း၊
  • (င) မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူအညီ ပေးခြင်း၊
  • (စ) ရုံးတွင်းရုံးပြင်၌ ပါတီနိုင်ငံရေးနှင့်စပ်လျဉ်း၍ စည်းရုံးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် ပါဝင်ခြင်း။၁

အခန်း(၃)
ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ

Departmental Action

၉။ ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန် ပျက်ကွက်မှုတို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုသည် ပြစ်မှုမြောက်နိုင်သည့် ကိစ္စဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူရန်ဆောင်ရွက်ရမည်။

၁၀။ ဝန်ထမ်းသည် တရားရုံး၏ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါကယင်းကျူးလွန်သည့်ပြစ်မှုနှင့် ချမှတ်သည့်ပြစ်ဒဏ်တို့အား ထောက်ရှု၍ ထိုဝန်ထမ်းကို စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်အရ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။

၁၁။ ဝန်ထမ်းအား တရားစွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ တရားရုံးက စွဲချက်မတင်မီလွှတ်ခြင်း သို့မဟုတ် အပြီးအပြတ်လွှတ်ခြင်း အမိန့်တစ်စုံတစ်ရာချမှတ်စေကာမူ ယင်းတရားစွဲဆိုသောအမှုသည် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြား ခြင်းနှင့် အကျုံးဝင်သည့်ကိစ္စဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသည် ယင်းဝန်ထမ်းကို ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။

en_USEN