ဝန်ထမ်းကျင့်ဝတ် အပိုဒ်၈
ပါတီနိုင်ငံရေးကင်းရှင်းရန်စည်းကမ်းများ
၈။ ဝန်ထမ်းသည် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အောက်ပါ တို့ကို ရှောင်ကြဉ်ရမည်-
- (က) ပါတီနိုင်ငံရေး ပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးအကူအညီပေးခြင်း၊ အခြားနည်းထောက်ပံ့ ကူညီခြင်း၊
- (ခ) ပါတီနိုင်ငံရေး အဖွဲ့အစည်းတွင် ပါဝင်ခြင်း၊
- (ဂ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်းမဟုတ်သည့် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂစသည်တို့တွင် ပါဝင်ခြင်း၊
- (ဃ) မည်သည့်ရွေးကောက်ပွဲတွင်မျှ ကိုယ်စားလှယ်လောင်း အဖြစ် ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ ကိုယ်စား လှယ်အဖြစ် ဖြစ်စေ ပါဝင်ခြင်း၊
- (င) မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူအညီ ပေးခြင်း၊
- (စ) ရုံးတွင်းရုံးပြင်၌ ပါတီနိုင်ငံရေးနှင့်စပ်လျဉ်း၍ စည်းရုံးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် ပါဝင်ခြင်း။၁