၈။ လျှော့ပေါ့ပင်စင် ဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဆ) အရ “အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက်နှစ် ၂၀ ကျော်လွန်လျှင်သော်လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် ၂၅ နှစ် ကျော်လွန်လျှင်သော်လည်းကောင်း လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များမပြည့်မီသော်လည်း လျှော့ပေါ့ပင်စင် ခွင့်ပြုနိုင်သည်” ကို ဆိုလိုသည်။