၈၁။ ပြည်ပပညာသင်များသည် မည်သည့်ခံစားခွင့်များကိုလည်း ခံစားခွင့်ရှိသနည်း။
နည်းဥပဒေ ၁၁၉ ပါ ပြဋ္ဌာန်းချက်အရ ပြည်ပသို့သွားရောက်ရသည့် နိုင်ငံခြားပညာသင် များသည် နိုင်ငံတော်က သတ်မှတ်ခွင့်ပြုသည့် ဝတ်စုံစရိတ်၊ အသေးသုံးစရိတ်တို့ကို ခံစားခွင့်ရှိသည်။ ထို့ပြင် ပညာသင်ဆုကမ်းလှမ်းသည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းက ထောက်ပံ့ပေးသော ပညာသင် စရိတ်၊ အသုံးစရိတ်တို့ကိုလည်း ခံစားခွင့်ရှိသည်။