၇၅။ သင်္ဘောသားနာမကျန်းခွင့်ကို မည်သည့်အခြေအနေများတွင် ခွင့်ပြုနိုင်သနည်း။
နည်းဥပဒေ ၁၁၅ ပါ ပြဋ္ဌာန်းချက်အရ သင်္ဘောသားနာမကျန်းခွင့်ကို ခွင့်ပြုရာတွင်-
- (က) တာဝန်ဝတ္တရားထမ်းဆောင်ချိန်တွင် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း အတွက် ဆေးလက်မှတ်အထောက်အထားပါရှိရမည်။
- ( ခ ) နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းသည် အောက်ပါအကြောင်း တစ်ရပ်ရပ် ကြောင့် မဟုတ်ကြောင်း ရေယာဉ်တာဝန်ခံအရာရှိက ကျေနပ်ယုံကြည်ရမည် –
- (၁) နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းသည် ဝန်ထမ်းကတမင်ပြုလုပ်မှု သို့မဟုတ်ပေါ့လျော့မှုကြောင့်ဖြစ်ခြင်း၊
- (၂) မူလကရှိပြီးဖြစ်သော ဒဏ်ရာ သို့မဟုတ် နာမကျန်းဖြစ်ခြင်းကို ဝန်ထမ်းက တမင်ပြုလုပ်မှုကြောင့်ဆိုးရွားလာစေခြင်း၊
- (၃) သောက်စားမူးယစ်ပြီးစည်းကမ်းမဲ့နေထိုင်ပြုမူခြင်းကြောင့် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း၊
- (၄) လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းနှင့် မပတ်သက်သည့် အကြောင်းများကြောင့် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း၊
- (၅) ပေါ့လျော့မှုနှင့်လုပ်ငန်းအတွေ့အကြုံနည်းမှုတို့ကြောင့် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း။