၆။ အတည်ပြုခန့်ထားခြင်းခံရသောဝန်ထမ်း၏ တာဝန်ရှိမှုကို ဖော်ပြပါ။
နည်းဥပဒေ ၅ ပါ ပြဋ္ဌာန်းချက်အရ အတည်ပြုခန့်ထားခြင်းခံရသော ဝန်ထမ်းသည် နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မူလတာဝန်အပြင် အခြား လိုအပ်သော တာဝန်များကိုပေးအပ်ပါက ထမ်းဆောင်ရမည်။