၆။ ရာထူးတိုးမြှင့်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဖော်ပြပါ။
နည်းဥပဒေ ၃၂ ပါ ပြဋ္ဌာန်းချက်အရ ရာထူးတိုးမြှင့်ရေးကိစ္စကို ဆောင်ရွက်ရာတွင် အောက်ပါ တို့ကို ထည့်သွင်းစဉ်းစားရမည် –
- (က) ဝန်ထမ်းအဖွဲ့အစည်း၏လုပ်ငန်းသဘာဝအရ တိုးမြှင့်ခန့်အပ်ရမည့်ရာထူးများအတွက် သတ်မှတ်ထားသည့်ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်း၊
- ( ခ ) အခြားသော ထူးကဲသာလွန်သည့်အရည်အချင်းများ၊
- ( ဂ ) ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် ဖွင့်လှစ်သည့် အနီးစပ်ဆုံးသင်တန်းသို့တက်ရောက်ပြီးခြင်း ရှိ မရှိ၊
- (ဃ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများအနက်မှ အဆိုပါသင်တန်းတွင် စံပြထူးချွန်ဆုရရှိခဲ့သူတို့ကို ဦးစားပေးစဉ်းစားခြင်းနှင့် သင်တန်း ဆင်းမှတ်ချက်မကောင်းသူ၊ ကျရှုံးသူတို့ကို တန်းစီဇယား၏အောက်၌ထားရှိခြင်း။