၆။ ခွင့်ခံစားနေသည့် ဝန်ထမ်းသည် အခြားဝင်ငွေရရှိသည့် လုပ်ငန်းတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခွင့်ရှိသလား။
နည်းဥပဒေ ၇၅ ပါ ပြဋ္ဌာန်းချက်အရ ခွင့်ခံစားနေသည့်ဝန်ထမ်းသည် ခွင့်ကာလအတွင်း၌ အခြားဝင်ငွေရရှိသည့် အလုပ်တစ်ခုခုတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းမပြုရ။ အငြိမ်းစား ယူရန်ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသည့် ဝန်ထမ်းသည်ဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုခုတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ရရှိခဲ့စေကာမူ ယင်း၏ အငြိမ်းစားယူခွင့် လျှောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းခွင့် မရှိစေရ။