၆၈။ ဆေးရုံခွင့် ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဖော်ပြပါ။
နည်းဥပဒေ ၁၀၈ ပါ ပြဋ္ဌာန်းချက်အရ အောက်ပါစည်းကမ်းချက်များနှင့် ညီညွတ်ပါက ဆေးရုံခွင့်ကိုခွင့်ပြုနိုင်သည် –
- (က) မကျန်းမာမှုသည် တာဝန်ဝတ္တရားထမ်းဆောင်မှုကြောင့် ပေါ်ပေါက်လာခြင်း၊
- ( ခ ) မကျန်းမာမှုသည် တာဝန်ဝတ္တရားများဆောင်ရွက်မှုနှင့် ဆက်နွှယ်နေသည့်အကြောင်း များကြောင့် ပေါ်ပေါက်လာသည်ဟု လက်ခံယုံကြည်ရန်အကြောင်းရှိခြင်း၊
- ( ဂ ) မကျန်းမာမှုနှင့်ပတ်သက်၍သက်ဆိုင်ရာဆရာဝန်၏ ထောက်ခံချက်ပါရှိခြင်း။