၆၃။ ဝန်ထမ်းအား ဒေသစရိတ်ခံစားခွင့်မရှိသောဒေသမှ ဒေသစရိတ်ခံစားခွင့်ရှိသောဒေသသို့ ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်းခံရသော်လည်း ယင်းဒေသနှစ်ခုနီးကပ်နေပါက မည်သည့်နေ့ရက်မှ စ၍ ဒေသစရိတ်ကို ခံစားခွင့်ပြုရမည်နည်း။
နည်းဥပဒေ ၁၅၇၊ နည်းဥပဒေခွဲ (ဃ) အရ ဝန်ထမ်းအား ဒေသစရိတ်ခံစားခွင့်မရှိသောဒေသမှ ဒေသစရိတ်ခံစားခွင့်ရှိသောဒေသသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရသော်လည်း ယင်းဒေသနှစ်ခု နီးကပ်နေပါက မူလတာဝန်ထမ်းဆောင်သည့်ဒေသမှ ထွက်ခွာသည့်နေ့မှအစပြု၍ ခံစားခွင့်ပြုရမည်။