၅၅။ ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ရာတွင် မည်သို့သောကိစ္စမျိုး၌ ဝန်ထမ်း၏မျက်ကွယ်တွင် သက်သေများကို စစ်ဆေးနိုင်ပါသနည်း။
နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (ည) ပါ ပြဋ္ဌာန်းချက်အရ အရေးယူခံရသည့်ဝန်ထမ်းသည် ထွက်ပြေးတိမ်းရှောင်နေလျှင်ဖြစ်စေ၊ စစ်ဆေးမေးမြန်းခြင်းကို ခံယူရန်ငြင်းဆန်လျှင်ဖြစ်စေ၊ ခိုင်လုံသော အကြောင်းမရှိဘဲ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ရှေ့သို့ လာရောက်ရန် ပျက်ကွက်လျှင်ဖြစ်စေ ယင်း ဝန်ထမ်း၏ မျက်ကွယ်၌ သက်သေများကိုစစ်မေးနိုင်သည်။ ယင်းကဲ့သို့ မျက်ကွယ်၌ စစ်မေးခဲ့ရခြင်း နှင့်ပတ်သက်၍ အကျိုးအကြောင်းဖော်ပြပြီး အမှုတွဲတွင်စနစ်တကျ မှတ်တမ်းတင်ထားရမည်။