၄၃။ လစ်လပ်သောရာထူးကို ကျောထောက်နောက်ခံပြု၍ ယင်းအောက်တစ်ဆင့်နိမ့်သော ရာထူးတွင် ဌာနတွင်းမှဝန်ထမ်းများကို ခန့်ထားရာ၌ မည်သည့်အချက်များနှင့် ကိုက်ညီရမည်နည်း။
နည်းဥပဒေ ၅၀ ပါ ပြဋ္ဌာန်းချက်အရ နည်းဥပဒေ ၄၉ အရ ခန့်ထားရာတွင် –
- (က) သတ်မှတ်ခွင့်ပြုထားသည့်ဝန်ထမ်းဖွဲ့စည်းပုံအင်အားအတွင်းဖြစ်ရမည်။
- ( ခ ) ရာထူးတိုးမြှင့်ပေးနိုင်မည့် သတ်မှတ်ထားသည့်အရည်အချင်းများနှင့်လည်းကိုက်ညီ ရမည်။