၃၉။ ဒုတိယညွှန်ကြားရေးနှင့်လစာနှုန်းတူရာထူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လစာ နှုန်းတူရာထူးအဆင့်သို့ ရာထူးတိုးမြှင့်နိုင်ရေး အကဲဖြတ်မှတ်တမ်းရေးရာတွင် မည်သည့် အရည်အချင်းများအပေါ်မူတည်၍ အမှတ်ပေးရမည်နည်း။
နည်းဥပဒေ ၄၇ ပါ ပြဋ္ဌာန်းချက်အရ နည်းဥပဒေ ၄၆ ပါ ရာထူးများအတွက် အကဲဖြတ် မှတ်တမ်းရေးရာတွင် အောက်ပါအရည်အချင်းများအလိုက် သတ်မှတ်ထားသော အမှတ်များပေး ရမည် –
- (က) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၂၀ မှတ်
- ( ခ ) ယုံကြည်စိတ်ချရခြင်း ၂၀ မှတ်
- ( ဂ ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၂၀ မှတ်
- (ဃ) တာဝန်ကိုလိုလားစွာထမ်းဆောင်ခြင်း ၂၀ မှတ်
- ( င ) ဆက်ဆံရေးပြေပြစ်ခြင်း ၂၀ မှတ်