၃၉။ ဆေးလက်မှတ်ခွင့်ကို မည်သို့ ခံစားခွင့်ပြုနိုင်ပါသနည်း။
နည်းဥပဒေ ၉၃ ပါ ပြဋ္ဌာန်းချက်အရ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရာတွင် –
- (က) ဝန်ထမ်းလုပ်သက်တစ်လျှောက်လုံးအတွက် ခွင့်ပြုနိုင်သည့်ကာလသည် ၁၂ လဖြစ် သည်။အထူးလုံလောက်သောကိစ္စများတွင်နောက်ထပ်ခြောက်လထိထပ်မံခွင့်ပြုနိုင်သည်။
- ( ခ ) ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ ထောက်ခံချက်ကိုတင်ပြမှသာ ခွင့်ပြုရမည်။ တစ်ကြိမ်လျှင်မည်မျှခွင့်ပြုရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း ဆေးလက်မှတ်၌ ထောက်ခံထားသည့်ကာလထက် ကျော်လွန်၍ခွင့်မပြုရ။
- ( ဂ ) ဝန်ထမ်းတစ်ဦးသည် ဆေးလက်မှတ်ခွင့်ကုန်ဆုံးချိန်တွင် ကျန်းမာစွာဖြင့် တာဝန် ပြန်လည်ထမ်းဆောင်နိုင်ဖွယ်အခြေအနေရှိသည်ဟု ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က မှတ်ချက်ပြုမှသာဆေးလက်မှတ်ခွင့်ကိုခွင့်ပြုရမည်။
- (ဃ) ဝန်ထမ်းသည် ဆေးလက်မှတ်ခွင့်အစား လုပ်သက်ခွင့်ခံစားခွင့်ပြုရန် တောင်းခံပါက လုပ်သက်ခွင့်ကိုခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် လုပ်သက်ခွင့်ကာလကို နည်းဥပဒေခွဲ (က) တွင် ပါရှိသည့် ဆေးလက်မှတ်ခွင့်ကာလသတ်မှတ်ချက်တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရ။