၃၇။ ရှေးဦးစုံစမ်းမှုပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုဖော်ပြပါ။
နည်းဥပဒေ ၁၈၂ ပါ ပြဋ္ဌာန်းချက်အရ ရှေးဦးစုံစမ်းမှုပြုလုပ်ရသည့် ရည်ရွယ်ချက်သည် ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူနိုင်လောက်သည့် အခြေအမြစ်ရှိ မရှိ စိစစ်ရန်၊ အမှုကိစ္စနှင့်စပ်လျဉ်း၍ မရှင်းလင်းသည့်အချက်များကို ဖော်ထုတ်ရှင်းလင်းရန်၊ ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ရပါက သက်သေ ထူရမည့် အထောက်အထားများကို ရှာဖွေစုဆောင်းရန်နှင့်မည်သူ့တွင် တာဝန်ရှိသည်ကိုဖော်ထုတ်ရန် ဖြစ်သည်။