၂၈။ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်း၏ မိသားစုပင်စင်လစာခံစားခွင့်ရှိသည့် ကာလမှာ မည်မျှနည်း။
နည်းဥပဒေ ၂၅၀(က)(၃) အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်း၏ မိသားစုပင်စင်လစာခံစားခွင့်ရှိသည့်ကာလမှာ ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ စ၍ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန်သည်အထိဖြစ်သည်။