၂၆။ ဝန်ထမ်းကို တာဝန်မှယာယီရပ်ဆိုင်းရန်လိုအပ်ပါက မည်သူက ရပ်ဆိုင်းခွင့်ရှိသနည်း။
နည်းဥပဒေ ၁၇၁ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းကို ရာထူးခန့်ပိုင်ခွင့်ရှိသူသည် သာမန်အားဖြင့် ထိုဝန်ထမ်းကို တာဝန်မှယာယီ ရပ်ဆိုင်းခွင့်ရှိသည်။ တာဝန်မှယာယီရပ်ဆိုင်းရန် လတ်တလော လိုအပ်သည့်ကိစ္စမျိုးတွင် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရေးယူခံရသည့် ဝန်ထမ်း၏ ရာထူးအဆင့်အလိုက် တာဝန်မှယာယီရပ်ဆိုင်းနိုင်သည့် အကြီးအမှူးများကို ဝန်ထမ်း အဖွဲ့အစည်းအသီးသီး၏ လုပ်ငန်းသဘာဝနှင့်အညီ သင့်လျော်သလိုသတ်မှတ်ထားနိုင်သည်။