၂၁။ လုပ်သက်ရေတွက်ရာတွင် မည်သည့်ကာလများကိုသာ ထည့်သွင်းရေတွက်ရမည်နည်း။
နည်းဥပဒေ ၃၆၊ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ပြတ်နေသောကာလ၊ လစာမဲ့ခွင့်ကာလနှင့် တာဝန်တွင်ရှိသည်ဟု မသတ်မှတ်သော တာဝန်မှယာယီရပ်ဆိုင်းထားခြင်း ခံရသောကာလများကို လုပ်သက်အဖြစ် ရေတွက်ခြင်းမပြုဘဲ တစ်ဆက်တည်းဖြစ်သော လုပ်သက် အတွက်သာ အမှတ်ပေးရမည်။