၁၈။ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား ရွေးချယ်ခန့်အပ်ရာတွင် မည်သို့ ဆောင်ရွက်ရပါသလဲ။
နည်းဥပဒေ ၁၈ ပါပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများသည် ပြင်ပ ပုဂ္ဂိုလ်များအား နည်းဥပဒေ ၁၅ ပါ စတင်ခန့်ရာထူးအဆင့်များတွင် ရွေးချယ်ခန့်ထားရန်လိုအပ်ပါက ဝန်ထမ်းအဖွဲ့အစည်းအတွင်းမှ သင့်လျော်မည့်ပုဂ္ဂိုလ်များပါဝင်သော ရွေးချယ်ရေးအဖွဲ့ကို ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖွဲ့စည်းရမည်။