၁၈။ တရားဥပဒေဖောက်ဖျက်ခြင်းနှင့်စပ်လျဉ်းသည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများကို ဖော်ပြပါ။
နည်းဥပဒေ ၁၆၄ ပါ ပြဋ္ဌာန်းချက်အရ တရားဥပဒေဖောက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါ အခြေအနေများတွင် ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူနိုင်သည် –
- (က) ဥပဒေကြောင်းအရ ဖမ်းဆီးခံနေရခြင်း၊
- ( ခ ) ကိုယ်ကျင့်တရားပျက်ပြားသည့်ပြစ်မှုနှင့်ပတ်သက်၍ဖြစ်စေ၊ ကြီးလေးသောပြစ်ဒဏ် ထိုက်သင့်သည့်ပြစ်မှုနှင့်ပတ်သက်၍ဖြစ်စေ တရားစွဲဆိုခံရခြင်း၊
- ( ဂ ) ဥပဒေကြောင်းအရ တရားရုံး၏ပြစ်ဒဏ်စီရင်ခံရခြင်း။
ရှင်းလင်းချက်။ ယင်းကိစ္စများတွင်ဝန်ထမ်း၏တရားရုံးတွင် အရေးယူခံရသည့်အမှုသည် ဌာနဆိုင်ရာမှအရေးယူခြင်းကို တစ်ပြိုင်တည်းဆောင်ရွက်ရန်လို မလို၊ ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းခြင်း၊ ဌာနဆိုင်ရာစည်းကမ်းဖောက်ဖျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်း ရှိ မရှိ တို့ကို ထည့်သွင်းစဉ်းစားရမည်။