၁၃။ အငြိမ်းစားယူပြီးနောက် တစ်ဆက်တည်းစာချုပ်ဖြင့် ပြန်လည်ခန့်ထားခံရသည့် ဝန်ထမ်းတွင် ငြင်းပယ်ခွင့်ကာလများရှိပါက မည်ကဲ့သို့ခံစားခွင့်ပြုသနည်း။
နည်းဥပဒေ ၈၂ပါ ပြဋ္ဌာန်းချက်အရ အငြိမ်းစားယူရမည့် နေ့ရက်နှင့်တစ်ဆက်တည်း စာချုပ်ဖြင့် ပြန်လည်ခန့်ထားခြင်းခံရသည့် သက်ပြည့်အငြိမ်းစားတစ်ဦးတွင် ငြင်းပယ်ခွင့်ကာလများ ရှိနေခဲ့ပါက ပြန်လည်ခန့်ထားချိန်၌ ထိုခွင့်ကာလတစ်ရပ်လုံးအတွက် ခံစားခွင့်ရှိသောခွင့်လစာကို တစ်လုံးတည်းထုတ်ပေးရမည်။