၁၃။ ဝန်ထမ်းတစ်ဦး၏ ပြည်ပသို့တာဝန်ဖြင့်သွားရောက်ရာတွင် မည်သည့်နေ့ရက်ကို တာဝန်ဖြင့် သွားရောက်သည့်ကာလပြီးဆုံးသည်ဟု မှတ်ယူရမည်နည်း။
နည်းဥပဒေ ၁၄၉ အရ ဝန်ထမ်းတစ်ဦး၏ ပြည်ပသို့တာဝန်ဖြင့် သွားရောက်ရာတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်နေ့ရက်ကို ပြည်ပသို့ တာဝန်ဖြင့် သွားရောက်သည့်ကာလ ပြီးဆုံးသည်ဟု မှတ်ယူရမည်။