၁၁။ ဝန်ထမ်းတစ်ဦး၏ ပြည်ပသို့တာဝန်ဖြင့်သွားရောက်သည့်ကာလနှင့် ပညာသင်ကြားသည့် ကာလကို မည်သည့်သို့ သတ်မှတ်ရမည်နည်း။
နည်းဥပဒေ ၁၄၉ အရ ပြည်ပသို့တာဝန်ဖြင့် သွားရောက်သည့်ကာလနှင့် ပညာသင်ကြား သည့်ကာလကို သတ်မှတ်ရာတွင် ယင်းဝန်ထမ်း မြန်မာနိုင်ငံမှ ထွက်ခွာသည့်နေ့ရက်ကို ပြည်ပသို့ တာဝန်ဖြင့်သွားရောက်သည့်ကာလစသည်ဟု မှတ်ယူရမည်။ ယင်းဝန်ထမ်းမြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်နေ့ရက်ကို ပြည်ပသို့တာဝန်ဖြင့် သွားရောက်သည့်ကာလပြီးဆုံးသည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။