Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
The Republic of the Union of Myanmar
Union Civil Service Board
အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၀
၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက် )
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို အခြေပြု၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန် အကဲဖြတ်အမှတ်ပေးရာတွင် တစ်ပြေးညီလိုက်နာကျင့်သုံး နိုင်ရေးအတွက် အရည်အချင်းသတ်မှတ်ချက်တစ်ခု စီ အလိုက် အသေးစိတ်အချက်များကိုသတ်မှတ်သည့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဆ) အရစိစစ်အကဲဖြတ်အမှတ်ပေးရာတွင် အောက်ပါအချက်များကို အခြေခံရမည်-
- (က) ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကိုကျေပွန်အောင်ထမ်းရွက်ခြင်း ၁၀ မှတ်
- (၁) ပေးအပ်သောတာဝန်ကိုလိုလားစွာအလေးအနက်ခံယူဆောင်ရွက်ခြင်း
- (၂) ပြီးမြောက်အောင်မြင်သည်အထိ ထိုးထွင်းကြံဆ၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊
- (၃) အချိန်နှင့်တစ်ပြေးညီမှန်ကန်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း။
- (ခ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၁၀ မှတ်
- (၁) မိမိရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များကိုလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်ပံ့ပိုးကူညီနိုင်ခြင်း၊
- (၂) မိမိဌာန/ အဖွဲ့အစည်း၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ မူဝါဒများကို အကောင်အထည်ဖော်စွမ်းဆောင်နိုင်ခြင်း၊
- (၃) ပေးအပ်သော လုပ်ငန်းတာဝန်များအပေါ် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးဖြင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ခြင်း၊
- (၄) လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်သည့် ကွန်ပျူတာပညာရပ်နှင့် ဘာသာစကားကျွမ်းကျင်မှုရှိခြင်း၊
- (၅) မိမိဌာန/အဖွဲ့အစည်းက စီမံခန့်ခွဲသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်ခြင်း။
- (ဂ) ယုံကြည်စိတ်ချရခြင်း ၁၀ မှတ်
- (၁) လုံခြုံမှုအဆင့်ရှိသည့် စာရွက်စာတမ်းနှင့်သတင်းအချက် အလက်များပေါက်ကြားမှုမရှိစေရန် သတိပြုဆောင်ရွက်နိုင်ခြင်း၊
- (၂) ကိုယ်ကျင့်တရားနှင့် ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊
- (၃) လုပ်ငန်းတာဝန်များကိုအမှားအယွင်းမရှိ တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက်နိုင်ခြင်း၊
- (၄) အထက်အကြီးအမှူးများက ယုံကြည်စိတ်ချစွာအပြည့်အဝ တာဝန်ပေးလွှဲအပ်နိုင်ခြင်း၊
- (၅) နိုင်ငံတော်၊ ဌာန/ အဖွဲ့အစည်း၊ အကြီးအကဲနှင့်လုပ်ဖော် ကိုင်ဖက်များအပေါ် သစ္စာရှိခြင်း၊
- (ဃ) လေ့လာဆည်းပူးခြင်း ၁၀မှတ်
- (၁)ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်သည့်သင်တန်းများ တက်ရောက်ပြီးခြင်း၊
- (၂) ဌာန/အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းခွင်သင်တန်းများ တက်ရောက်ပြီးခြင်း၊လုပ်ငန်းတာဝန်နှင့်ဌာနအတွက် အထောက်အကူပြုပညာရပ်များစဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်းနှင့် ပြန်လည်မျှဝေနိုင်ခြင်း၊
- (၃) မိမိဌာန/အဖွဲ့အစည်း၏ မူလလုပ်ငန်းတာဝန်များအပြင် အခြားသောဌာန/ အဖွဲ့အစည်းများနှင့်ဆက်စပ်ဆောင်ရွက်နိုင်ခြင်း၊
- (၄) ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ရည်ရွယ်ချက်ကို သိရှိပြီး ပေးအပ်သော လုပ်ငန်းတာဝန်များ ကျွမ်းကျင်စေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး ဆောင်ရွက်နိုင်ခြင်း။
- (င) ကြိုးစားမှုရှိခြင်း ၁၀မှတ်
- (၁) ပေးအပ်သော တာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ဉာဏ်ပညာတို့ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း၊
- (၂) သင်တန်းများတွင် ထူးချွန်ဆုရရှိခြင်း၊
- (၃) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ်လေ့လာမှတ်သားဆောင်ရွက်ခြင်း၊
- (၄) မိမိတာဝန်နှင့် ဆက်စပ်နေသည့် ဘာသာရပ်၊ ပညာရပ်ဆိုင်ရာလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်း၊
- (၅) ဌာန/အဖွဲ့အစည်းမှ ချီးမြှင့်သည့် ဆုတံဆိပ်၊ ဆုလက်မှတ်၊ချီးကျူးဂုဏ်ပြုမှု၊ အသိအမှတ်ပြုမှုများရရှိခြင်း၊
- (၆) နိုင်ငံတော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခြင်း။
- (စ) တီထွင်ကြံဆတတ်ခြင်း ၁၀ မှတ်
- (၁) လုပ်ငန်းခွင်အခက်အခဲများကို နည်းလမ်းကောင်းများဖြင့် ထိရောက်အောင်မြင်စွာ ကြံဆဆောင်ရွက်နိုင်ခြင်း၊
- (၂) သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းဖြင့်ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊
- (၃) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်၍ စဉ်းစားတွေးခေါ်ဆောင်ရွက်နိုင်ခြင်း၊
- (၄) ဖြတ်ထိုးဉာဏ်ကောင်းခြင်းနှင့် ဝေဖန်ပိုင်းခြားတတ်ခြင်း။
- (ဆ) ရုံး၊ အလုပ်ရုံစည်းကမ်းများကိုလိုက်နာခြင်း ၁၀ မှတ်
- (၁) ရုံး/လုပ်ငန်းလက်စွဲ၊ အလုပ်ရုံစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာခြင်း၊
- (၂) ဌာန/အဖွဲ့အစည်း ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကိုလိုက်နာခြင်း၊
- (၃) Civil Services Personnel Law ၊ Civil Service Personnel Rulesနှင့်ဝန်ထမ်းကျင့်ဝတ်များကို သိရှိလိုက်နာခြင်း၊
- (၄) နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့်တည်ဆဲဥပဒေ၊နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာခြင်း၊
- (၅) စည်းကမ်းနှင့်ပတ်သက်၍ စံနမူနာပြဖြစ်ခြင်း။
- (ဇ) အများအကျိုးအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ခြင်း ၁၀ မှတ်
- (၁) လူမှုအကျိုးပြုလုပ်ငန်းများတွင် စိတ်အားထက်သန်စွာပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
- (၂) ဌာန/အဖွဲ့အစည်းအကျိုးအတွက် လုပ်ငန်းများအောင်မြင်စေရန်လုပ်ဖော်ကိုင်ဖက်များအပေါ် စာနာစိတ်ဖြင့် အနစ်နာခံဆောင်ရွက်ခဲ့ခြင်း၊
- (၃) လူမှုရေးအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း၊
- (၄) အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို စေတနာထားဆောင်ရွက်ခြင်း၊
- (၅) အခါအားလျော်စွာ ဌာန/အဖွဲ့အစည်းတွင်း ဝန်ထမ်းများအားတတ်စွမ်းသမှုကူညီပံ့ပိုးခြင်း။
- (ဈ) ဆက်ဆံရေးပြေပြစ်ခြင်း ၁၀ မှတ်
- (၁) ဌာန/အဖွဲ့အစည်းတွင်းရှိဝန်ထမ်းများနှင့် လိုက်လျောညီထွေဆက်ဆံဆောင်ရွက်တတ်ခြင်း၊
- (၂) အခြားဝန်ထမ်းအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် အဆင်ပြေချောမွေ့စွာပေါင်းစပ်ဆောင်ရွက်နိုင်ခြင်း၊
- (၃) အဖွဲ့အစည်း၏ဂုဏ်သိက္ခာမြင့်မားစေရန် စွမ်းဆောင်နိုင်ခြင်း၊
- (၄) ပြည်သူကိုရိုသေလေးစားစွာဝန်ဆောင်မှုပေးခြင်း။
- (ည) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၁၀ မှတ်
- (၁) ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်သိမှု၊တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုရှိခြင်း၊
- (၂) ဦးစားပေးအဆင့်အလိုက် လုပ်ငန်းတာဝန်ကိုခွဲဝေဆောင်ရွက်နိုင်ခြင်း၊
- (၃) လုပ်ငန်းတာဝန်များကိုကြိုတင်စဉ်းစားတွေးခေါ်ဆောင်ရွက်နိုင်ခြင်း၊
- (၄) အထက်အရာရှိအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြခြင်း၊လမ်းညွှန်မှုခံယူခြင်း၊ လက်အောက်သို့ ညွှန်ကြားပြသပေးခြင်းနှင့် လိုအပ်ပါကကိုယ်တိုင်ပါဝင် ဦးစီးလုပ်ကိုင်ဆောင်ရွက်ခြင်း၊
- (၅) နိုင်ငံတော်ဘဏ္ဍာငွေနှင့် နိုင်ငံပိုင်ပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရန်စနစ်တကျဆောင်ရွက်နိုင်ခြင်း၊
- (၆) ဌာန/အဖွဲ့အစည်း၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကိုလက်အောက်မှသိရှိစေရေးရှင်းလင်းပြသခြင်း၊အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ဖြစ်ပေါ်လာစေရန် စေ့ဆော်အားပေးနိုင်မှုရှိခြင်း၊
- (၇) ဝန်ထမ်းများကိုစည်းလုံးညီညွတ်စွာဖြင့် ရည်မှန်းချက်ရောက်ရှိအောင်စည်းရုံးဆောင်ရွက်နိုင်စွမ်းရှိခြင်း၊
- (၈) လက်အောက်ဝန်ထမ်းများ၏ ယုံကြည်လေးစားအားကိုးထိုက်သူဖြစ်ခြင်း၊
- (၉) မိမိဦးဆောင်ရသော အဖွဲ့အစည်း/ဌာနကို မည်သည့်အခြေအနေတွင်မဆို စွမ်းဆောင်ရည်အကောင်းဆုံးနှင့်အမြင့်မားဆုံးရရှိစေရန်ဆောင်ရွက်နိုင်စွမ်းရှိခြင်း။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
The Republic of the Union of Myanmar
Union Civil Service Board
အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် )
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများက ထူးချွန်သည့်ဝန်ထမ်းများကို ပညာအရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်မီခြင်းမရှိသော်လည်း ကြိုးစားမှု၊ လေ့လာမှုထူးကဲသာလွန်သည့် ဝန်ထမ်းများကို ချီးမြှောက်နိုင်ရန်အတွက် ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရာတွင် လိုက်နာဆောင်ရွက်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သတ်မှတ်လိုက်သည်။
၁။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများအနေဖြင့် ပညာအရည်အချင်းသတ်မှတ်ချက်ကိုလျှော့ပေါ့၍ ရာထူးတိုးမြှင့်ခြင်းဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဝန်ထမ်းများကိုသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်-
- (က) အရာထမ်းအဆင့်
- (၁) တိုးမြှင့်ခန့်ထားလိုသည့် ရာထူးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနများအလိုက် သတ်မှတ်ထားသော အနည်းဆုံးပညာ အရည်အချင်း သတ်မှတ်ချက်အောက် အနီးစပ်ဆုံး ပညာအရည်အချင်းရှိသူဖြစ်ရမည်။
- (၂) ဒုတိယညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်ထိသာ အမြင့်ဆုံးတိုးမြှင့်ခန့်ထားရမည်။ သို့ရာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဘွဲ့မရရှိသူဖြစ်ပါက ဦးစီးအရာရှိရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်ထိသာ အမြင့်ဆုံး ခန့်အပ်ရမည်။
- (၃) အနည်းဆုံး လက်ရှိရာထူးသက် ၁၀ နှစ် နှင့် စုစုပေါင်းလုပ်သက် ၂၅နှစ် ရှိရမည်။
- (၄) ဌာန အတွက် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည့် မှတ်တမ်း အထောက်အထားတင်ပြရမည်။
- (၅) ဝန်ထမ်းဆိုင်ရာ ပြစ်မှုမှတ်တမ်းမရှိသူဖြစ်ရမည်။ ပြစ်မှုမှတ်တမ်းရှိပါက ပြစ်ဒဏ်ကာလကုန်ဆုံး ပြီး (၂) နှစ်အတွင်း အဆိုပြုတင်ပြခြင်းမပြုရ။
- (၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများအနက် အနည်းဆုံးသင်တန်းတစ်ခု တက်ရောက်အောင်မြင်ပြိးသူဖြစ်ရမည်။
- (၇) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ အနေဖြင့် တိုးမြှင့်ခန့်ထားမည့် ရာထူး၏ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာဆောင်ရွက် နိုင်မည့်သူကိုသာ ပညာအရည်အချင်းသတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရန် တင်ပြရမည်။ ဝန်ထမ်းတစ်ဦးအား အများဆုံး (၂) ကြိမ်အထိသာ ထောက်ခံတင်ပြရမည်။
- (ခ) အမှုထမ်းအဆင့်
- (၁) ပညာအရည်အချင်းအနည်းဆုံးအလယ်တန်းအဆင့်ရှိရမည်။
- (၂) ရုံးအုပ်ရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်ထိသာ အမြင့်ဆုံးတိုးမြှင့်ခန့်ထားရမည်။
- (၃) လက်ရှိရာထူးသက် အနည်းဆုံး ၇ နှစ်နှင့် စုစုပေါင်းလုပ်သက် ၁၅ နှစ်ရှိရမည်။
- (၄) ဌာနအတွက် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းအထောက်အထားတင်ပြရမည်။
- (၅) ဝန်ထမ်းဆိုင်ရာ ပြစ်မှုမှတ်တမ်းမရှိသူဖြစ်ရမည်။ ပြစ်မှုမှတ်တမ်းရှိပါကက ပြစ်ဒဏ်ကာလကုန်ဆုံးပြီး (၂) နှစ်အတွင်း အဆိုပြုတင်ပြခြင်းမပြုရ။
- (၆) ပြည်ထောင်စုရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများအနက် အနည်းဆုံးသင်တန်းတစ်ခု တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။
- (၇) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ အနေဖြင့် တိုးမြှင့်ခန့်ထားမည့် ရာထူး၏ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည့်သူကိုသာ ပညာအရည်အချင်း သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရန် တင်ပြရမည်။ ဝန်ထမ်းတစ်ဦးအား အများဆုံး (၂) ကြိမ်အထိသာ ထောက်ခံတင်ပြရမည်။