၇။ အငြိမ်းစားယူခြင်းကိစ္စ
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀ (ခ)(၄) အရ အငြိမ်းစားဝန်ထမ်းမကွယ်လွန်မီက ပင်စင် လစာ၏ တစ်စိတ် တစ်ဒေသ ကို တစ်လုံးတည်း ပင်စင် လစာအဖြစ် လဲလှယ်ခဲ့သည့်ကိစ္စတွင် မိသားစု ပင်စင် ခံစားခွင့် ရှိသူသည် –
(ကက) ကွယ်လွန်သူအငြိမ်းစား၏ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်လျှင် လက်ကျန် ပင်စင်လစာ ၏ ၃/၄ ကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ခံစားခွင့်ရှိသည့် ကာလ မှာ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန် သည် အထိဖြစ်သည်။
( ခခ ) ကွယ်လွန်သူအငြိမ်းစား၏ ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့ လျှင် တစ်လုံးတည်း လဲလှယ်ခြင်းမပြုမီက ပင်စင်လစာကို ထက်ဝက်ပြုပြီးနောက် ယင်းထက်ဝက်အနက်မှ တစ်လုံးတည်း လဲလှယ်ခဲ့သည့် ပင်စင်လစာ၏ အစိတ် အပိုင်းကို နုတ်ရမည်။ ယင်းသို့ နုတ်ပြီးနောက် ကျန်ငွေကိုမိသားစုပင်စင်လစာ အဖြစ် ခံစားခွင့်ရှိသည်။ ခံစားခွင့်ရှိသည့် ကာလမှာ အငြိမ်းစားဝန်ထမ်း အငြိမ်းစား ယူခဲ့သည့်နေ့၏ နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိဖြစ်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀ (ခ)(၂) အရ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက် ကွယ်လွန်ခဲ့သော် ဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းသည် ဝန်ထမ်းအငြိမ်းစားယူချိန်၌ ရရှိခဲ့သည့်ပင်စင်လစာ၏ ၄ ပုံ ၃ ပုံကို အငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏နောက်နေ့ရက်မှစ၍ မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ထိုပင်စင်ကို ခံစားခွင့်ရှိသည့်ကာလမှာ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန်သည် အထိဖြစ်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀(က)(၄) အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ပါက ပင်စင်လစာခံစားခွင့်ရှိသည့် ကာလမှာ ဝန်ထမ်းကွယ်လွန်သည့် နေ့ရက်၏ နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိဖြစ်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀ (က) (၄) အရ မိသားစုပင်စင် အကျိုးခံစားခွင့်ရှိသူသည် ဝန်ထမ်း၏ ဇနီး သို့မဟုတ် မဟုတ်ခင်ပွန်းမဟုတ်ဘဲ အခြားမိသားစုဝင်ဖြစ်ခဲ့လျှင် ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော် ရရှိမည့် ပင်စင်လစာ၏ ၂ ပုံ ၁ ပုံကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀(က)(၃) အရ ကွယ်လွန်သူဝန်ထမ်း၏ဇနီး သို့မဟုတ် ခင်ပွန်း၏ မိသားစုပင်စင်လစာခံစားခွင့်ရှိသည့်ကာလမှာ ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ စ၍ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန်သည်အထိဖြစ်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀ (က) (၃) အရ လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိသော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းသည် ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော် ရရှိမည့် ပင်စင်လစာ၏ ၄ ပုံ ၃ ပုံကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ထို့အပြင် လုပ်သက် တစ်နှစ်လျှင် နောက်ဆုံးထုတ်လစာ၏ ၃/၄ နှင့်ညီမျှသော လုပ်သက်ဆုငွေကိုလည်း ခံစားခွင့်ရှိသည်။ ယင်းလုပ်သက်ဆုငွေသည် နောက်ဆုံး ထုတ်လစာ၏ ၁၂ ဆ အောက်မလျော့နည်းစေရ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀(က)(၂) အရ လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ယင်းဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့သောလုပ်သက်သည် ၁၀ နှစ်မပြည့်သည့် အတွက် နောက်ဆုံးထုတ်လစာ၏ ၁၂ ဆနှင့် ညီမျှသော လုပ်သက်ဆုငွေကို ခံစားခွင့်ရှိသည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၅၀ (က)(၁) အရ လုပ်သက်တစ်နှစ်ပြည့်ပြီး ၅ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ယင်းဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့သောလုပ်သက်သည် ၅ နှစ်မပြည့်သည့် အတွက် နောက်ဆုံးထုတ်လစာ၏တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေကို ခံစားခွင့်ရှိသည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၄၉ အရ မိသားစုပင်စင်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ဆက်လက် ခံစားခွင့်မရှိစေရ-
- (က) ကျန်ရစ်သူတရားဝင်ခင်ပွန်း သို့မဟုတ် ဇနီးသည် နောက်အိမ်ထောင်ပြုခြင်း၊
- ( ခ ) ဝန်ထမ်း၏မိသားစုဝင် အိမ်ထောင်မပြုရသေးသည့် အမျိုးသား၊ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊
- ( ဂ ) ဝန်ထမ်း၏ မိသားစုဝင်မဟုတ်သူ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၂၄၈ (ခ)အရ နည်းဥပဒေခွဲ (က)တွင် ဖော်ပြခဲ့သည့်အတိုင်း မိသားစုပင်စင်ကို ခံစားမည့်သူမရှိခဲ့ပါက အောက်ပါပုဂ္ဂိုလ်များကို ကွယ်လွန်သူဝန်ထမ်းနှင့်အတူ မှီခိုနေထိုင်ခဲ့ရသူ ဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို တင်ပြနိုင်မှသာ ခံစားခွင့်ပြုရမည်-
- (၁) အမိအဖအရင်း၊
- (၂) အမိအဖမရှိပါက ဝန်ထမ်း၏အသက် ၁၈ နှစ်မပြည့်သေးသည့် ညီ သို့မဟုတ် ညီမ သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း တက္ကသိုလ်၊ ကောလိပ် ကျောင်းတစ်ခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသည့် ညီ သို့မဟုတ် ညီမ၊
- (၃) နည်းဥပဒေခွဲငယ် (၂) ပါ ပုဂ္ဂိုလ်များမရှိပါက ဝန်ထမ်း၏အိမ်ထောင်မပြုသေးသည့် ညီမ သို့မဟုတ် အစ်မ သို့မဟုတ် မုဆိုးမဖြစ်နေသည့် ညီမ သို့မဟုတ် အစ်မ၊
- (၄) နည်းဥပဒေခွဲငယ် (၃) ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏အခြားသော ညီ သို့မဟုတ် အစ်ကို သို့မဟုတ် ညီမ သို့မဟုတ် အစ်မ။