၃။ ခွင့်ကိစ္စ
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်အရ ကိုယ်ဝန် ဆောင်နေသည့်ကာလအတွင်း သန္ဓေပျက်ကျသည့် အခြေအနေမျိုးတွင် ဆေးလက်မှတ်အထောက် အထားဖြင့် ခြောက်ပတ်ထက်မပိုသည့် မီးဖွားခွင့်ကို ခွင့်ပြုရမည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၃၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးသည် ဆေးလက်မှတ်ခွင့် ကုန်ဆုံးချိန်တွင် ကျန်းမာစွာဖြင့် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ဖွယ်အခြေအနေရှိသည်ဟု ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က မှတ်ချက်ပြုမှသာဆေးလက်မှတ်ခွင့်ကိုခွင့်ပြုရမည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၃၊ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ ထောက်ခံချက်ကိုတင်ပြမှသာ ခွင့်ပြုရမည်။ တစ်ကြိမ်လျှင်မည်မျှခွင့်ပြုရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း ဆေးလက်မှတ်၌ ထောက်ခံ ထားသည့်ကာလထက် ကျော်လွန်၍ ခွင့်မပြုရ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၃၊ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းလုပ်သက်တစ်လျှောက်လုံး အတွက် ခွင့်ပြုနိုင်သည့်ကာလသည် ၁၂ လဖြစ်သည်။ အထူးလုံလောက်သောကိစ္စများတွင် နောက်ထပ် ခြောက်လထိထပ်မံခွင့်ပြုနိုင်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၃ ပါ ပြဋ္ဌာန်းချက်အရ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရာတွင် –
- (က) ဝန်ထမ်းလုပ်သက်တစ်လျှောက်လုံးအတွက် ခွင့်ပြုနိုင်သည့်ကာလသည် ၁၂ လဖြစ် သည်။အထူးလုံလောက်သောကိစ္စများတွင်နောက်ထပ်ခြောက်လထိထပ်မံခွင့်ပြုနိုင်သည်။
- ( ခ ) ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့်ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ ထောက်ခံချက်ကိုတင်ပြမှသာ ခွင့်ပြုရမည်။ တစ်ကြိမ်လျှင်မည်မျှခွင့်ပြုရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း ဆေးလက်မှတ်၌ ထောက်ခံထားသည့်ကာလထက် ကျော်လွန်၍ခွင့်မပြုရ။
- ( ဂ ) ဝန်ထမ်းတစ်ဦးသည် ဆေးလက်မှတ်ခွင့်ကုန်ဆုံးချိန်တွင် ကျန်းမာစွာဖြင့် တာဝန် ပြန်လည်ထမ်းဆောင်နိုင်ဖွယ်အခြေအနေရှိသည်ဟု ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က မှတ်ချက်ပြုမှသာဆေးလက်မှတ်ခွင့်ကိုခွင့်ပြုရမည်။
- (ဃ) ဝန်ထမ်းသည် ဆေးလက်မှတ်ခွင့်အစား လုပ်သက်ခွင့်ခံစားခွင့်ပြုရန် တောင်းခံပါက လုပ်သက်ခွင့်ကိုခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် လုပ်သက်ခွင့်ကာလကို နည်းဥပဒေခွဲ (က) တွင် ပါရှိသည့် ဆေးလက်မှတ်ခွင့်ကာလသတ်မှတ်ချက်တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၃ ပါ ပြဋ္ဌာန်းချက်အရ ဆေးလက်မှတ်ခွင့်သည် တာဝန်ထမ်းဆောင်သည့် ကာလကို အခြေမခံဘဲ လုပ်သက် နုရင့်မရွေး ခွင့်ပြုနိုင်သည့်ခွင့်မျိုးဖြစ်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၂၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ကို အခြားခွင့် တစ်မျိုးမျိုး၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားနိုင်သည်။ သို့ရာတွင် လုပ်သက်ခွင့်နှင့် အတူခံစားသည့်အခါ ယင်းခွင့်နှင့်အားလပ်ရက်ရှည်စုစုပေါင်းကာလသည် နှစ်လ ထက်မပိုစေရ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၂ ပါပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ခံစားခွင့်ရှိသည့်ဝန်ထမ်းများအတွက် –
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၀ ပါပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ်တစ်နှစ် အတွင်း တစ်ဆက်တည်းပိတ်ရက် ၁၅ ရက် ထက်ကျော်လွန်သော ကာလတစ်ရပ်ကိုဆိုသည်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ အားလပ်ရက်ရှည် ကာလတစ်ခုတည်းရှိပြီး ထိုအားလပ်ရက်ရှည် ကာလသည် ရက်၃၀ အောက်လျော့နည်းပါကလည်း ထိုကာလကိုတစ်လဟုမှတ်ယူရမည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၈၉ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ခွင့်ကာလအတွင်း၌ ပျမ်းမျှလစာကိုခွင့်လစာ အဖြစ်ခံစားခွင့်ရှိသည်။