၅။ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းပြစ်ဒဏ်အစား အယူခံအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လက်ရှိ ရာထူးအောက် တစ်ဆင့်နိမ့်သည့်ရာထူးသို့ (၂)နှစ် လျှော့ချသည့်ပြစ်ဒဏ်သို့ ပြောင်းလဲသတ်မှတ်ရန် သင့်/မသင့်ကိစ္စ
၅။ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းပြစ်ဒဏ်အစား အယူခံအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လက်ရှိ ရာထူးအောက် တစ်ဆင့်နိမ့်သည့်ရာထူးသို့ (၂)နှစ် လျှော့ချသည့်ပြစ်ဒဏ်သို့ ပြောင်းလဲသတ်မှတ်ရန် သင့်/မသင့်ကိစ္စ
သက်ဆိုင်ရာဌာနအနေဖြင့် အယူခံမှုကိုဆုံးဖြတ်ရာ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၂၂၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၂၂၅၊ နည်းဥပဒေခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဝန်ထမ်းအား ချမှတ်ခဲ့သောပြစ်ဒဏ်သည် ထိုက်သင့်သည်ထက် ပိုမို၍ကြီးလေးသည်ဟု ယူဆပါက ထိုပြစ်ဒဏ်အောက် လျှော့ပေါ့သည့်ပြစ်ဒဏ်ကို ပြောင်းလဲသတ်မှတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။