၇၂။ စာဖြင့်သတိပေးခြင်းပြစ်ဒဏ်ချမှတ်ရာတွင် လိုက်နာရမည့်ကိစ္စရပ်များနှင့် အကျိုးသက်ရောက်မှု များကို ဖော်ပြပါ။
နည်းဥပဒေ ၂၁၀၊ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ စာဖြင့်သတိပေးခြင်း ပြစ်ဒဏ်ကို ချမှတ်ရာ၌-
- (၁) သတိပေးခြင်းခံရသည့်အပြစ်ကို ကျူးလွန်သည့်ပြစ်မှုနှင့်ယှဉ်တွဲ၍ အကျဉ်းဖော်ပြရမည်။
- (၂) ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ ခြောက်လပြည့်သည့်အခါတွင် ပြစ်ဒဏ်ကာလကုန်ဆုံးသည်။
- (၃) ပြစ်ဒဏ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ။
- (၄) ပြစ်ဒဏ်ကာလအတွင်း နှစ်တိုးစေ့က ပုံမှန်ခွင့်ပြုရမည်။