၅၆။ ဌာနဆိုင်ရာစစ်ဆေးမှုပြုနေစဉ်အတွင်း မူလစွဲချက်ကို ပြောင်းလဲပြင်ဆင်နိုင်ပါသလား။
နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (ဋ) ပါ ပြဋ္ဌာန်းချက်အရ ဌာနဆိုင်ရာစစ်ဆေးမှု ပြုလုပ် နေစဉ်အတွင်း စစ်ဆေးချက်များအရလည်းကောင်း၊ အမှုအကြောင်းအရာအရလည်းကောင်း လိုအပ်ပါက မူလစွဲချက်ကိုပြောင်းလဲပြင်ဆင်နိုင်သည် သို့မဟုတ် ထပ်မံဖြည့်စွက်နိုင်သည် သို့မဟုတ် စွဲချက်အသစ် တင်နိုင်သည်။