၁၉။ မည်သည့်ကိစ္စများ၌ ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်၏လစွန်း ရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို ဖြည့်စွက်ရေတွက်ခွင့်မပြုရပါသနည်း။
နည်းဥပဒေ ၂၄၅ အရ အောက်ပါကိစ္စများ၌ ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်၏ လစွန်း ရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့်ကာလကို ဖြည့်စွက်ရေတွက်ခွင့်မပြုရ-
- (က) လုပ်သက်ဆုငွေ ခံစားခွင့်ရှိသည့် လုပ်သက်တွင် ငါးနှစ်ပြည့်ရန်လိုသည့်ကာလ၊
- ( ခ ) ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်တွင် ၁၀ နှစ် ပြည့်ရန်လိုသည့်ကာလ၊
- ( ဂ ) လုပ်သက် နှစ် ၂၀ ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊
- (ဃ) လုပ်သက် ၂၅ နှစ်ပြည့် လျှော့ပေါ့ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ၊
- ( င ) လုပ်သက် နှစ် ၃၀ ပြည့် နှစ်ပြည့်ပင်စင်ခံစားခွင့်အတွက် လိုသည့်ကာလ။