၄၃။ ဆေးလက်မှတ်ခွင့်အစား လုပ်သက်ခွင့်ကို တောင်းခံနိုင်ပါသလား။
နည်းဥပဒေ ၉၃၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းသည် ဆေးလက်မှတ်ခွင့် အစား လုပ်သက်ခွင့်ခံစားခွင့်ပြုရန်တောင်းခံပါက လုပ်သက်ခွင့်ကိုခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် လုပ်သက်ခွင့်ကာလကိုနည်းဥပဒေခွဲ(က)တွင် ပါရှိသည့်ဆေးလက်မှတ်ခွင့်ကာလသတ်မှတ်ချက်တွင် ထည့်သွင်း တွက်ချက်ခြင်းမပြုရ။