၆၁။ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစားဝန်ထမ်းသည် အလုပ်ခွင်သို့ လာရောက်ရန်ပျက်ကွက်ပါက မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၂၇၃ (ဃ) အရ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစား ဝန်ထမ်းသည် အလုပ်ခွင်သို့ လာရောက်ရန်ပျက်ကွက်ပါက ပျက်ကွက်သည့်နေ့ရက်အတွက် ချီးမြှင့်ငွေမှ အချိုးကျဖြတ်တောက်ခြင်းခံရမည်။