၅၈။ ဝန်ထမ်း၏ကျန်ရစ်သူတရားဝင် ဇနီးကို ခွင့်ပြုသည့် မိသားစုအထူးပင်စင်သည် မည်သည့် အချိန်တွင် ရပ်စဲသွားပါသနည်း။
နည်းဥပဒေ ၂၇၀ အရ ဝန်ထမ်း၏ကျန်ရစ်သူတရားဝင် ဇနီးကို ခွင့်ပြုသည့် မိသားစု အထူးပင်စင်သည် ယင်းထပ်မံ အိမ်ထောင်ပြုသည့်အခါတွင် ရပ်စဲသွားစေရမည်။ သို့ရာတွင် ဒုတိယအိမ်ထောင်ပြုပြီး ခင်ပွန်းဖြစ်သူကွယ်လွန်သည့်အခါ၌ ငွေကြေးကျပ်တည်းသည့် အခြေ အနေမျိုးရှိနေသည်ဟု ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ခွင့်ပြုပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်က ယုံကြည်ပါက မိသားစုအထူးပင်စင် တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြန်လည်ခွင့်ပြုနိုင်သည်။