၄။ ဝန်ထမ်းသည် မည်သည့်အချိန်တွင် နာမကျန်းပင်စင်ခံစားခွင့်ရှိသနည်း။
နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဂ) အရ လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့် ဝန်ထမ်း သည်မကျန်းမာ၍ တာ၀န်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။