၄။ ပြင်ပပုဂ္ဂိုလ်အား ခန့်ထားရာတွင် မည်သည်တို့လိုအပ်သနည်း။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) ပါပြဋ္ဌာန်းချက်အရ နိုင်ငံ့ ဝန်ထမ်းအဖြစ် ပြင်ပပုဂ္ဂိုလ်အားခန့်ထားရာတွင် ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ တင်ပြနိုင်ရပါမည်။