၄၂။ မတော်တဆဖြစ်မှု ဆိုသည်မှာ အဘယ်နည်း။
နည်းဥပဒေ ၂၅၄ (ခ) အရ မတော်တဆဖြစ်မှုဆိုသည်မှာ ဝန်ထမ်းတာဝန်ထမ်းဆောင်ရာ တွင် နည်းဥပဒေခွဲ (က) ကြောင့်မဟုတ်ဘဲ အောက်ပါအခြေအနေတစ်ရပ်ရပ်ကြောင့် အနာတရ ဖြစ်ခြင်းကို ဆိုသည်-
- (၁) ရုတ်တရက်မလွှဲမရှောင်သာဖြစ်ပေါ်လာသည့်အကြောင်းကြောင့် အနာတရ ဖြစ်ခြင်း၊
- (၂) အရေးတကြီးပေါ်ပေါက်သည့်ကိစ္စများတွင် တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင် ခြင်းကြောင့် အနာတရဖြစ်ခြင်း။