၄၀။ ပင်စင်စားထောင်ကျခံရပါက ယင်းပင်စင်ခံစားခွင့်ကို မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၂၅၂ (ဏ) အရ ပင်စင်စားထောင်ကျခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်း ထားရမည်။ ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်မြောက်လာပါက ၎င်း၏ ပင်စင်ကို ပြန်လည်ခွင့်ပြုရမည်။ သို့ရာတွင် ပြစ်ဒဏ်ကျခံရသောကာလအတွက် ပင်စင်လစာကို ပြန်လည်ခွင့်မပြုရ။