၂၇။ လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိသော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းသည် ပင်စင်အကျိုးခံစားခွင့် မည်မျှရှိပါသနည်း။
နည်းဥပဒေ ၂၅၀ (က) (၃) အရ လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိသော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းသည် ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော် ရရှိမည့် ပင်စင်လစာ၏ ၄ ပုံ ၃ ပုံကို မိသားစုပင်စင်လစာအဖြစ် ခံစားခွင့်ရှိသည်။ ထို့အပြင် လုပ်သက် တစ်နှစ်လျှင် နောက်ဆုံးထုတ်လစာ၏ ၃/၄ နှင့်ညီမျှသော လုပ်သက်ဆုငွေကိုလည်း ခံစားခွင့်ရှိသည်။ ယင်းလုပ်သက်ဆုငွေသည် နောက်ဆုံး ထုတ်လစာ၏ ၁၂ ဆ အောက်မလျော့နည်းစေရ။