၂၆။ လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန် သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ပင်စင်အကျိုးခံစားခွင့်မည်မျှရှိပါသနည်း။
နည်းဥပဒေ ၂၅၀(က)(၂) အရ လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သော ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါကဝန်ထမ်း၏ တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းနှင့် အခြားမိသားစုဝင်တို့သည် ယင်းဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့သောလုပ်သက်သည် ၁၀ နှစ်မပြည့်သည့် အတွက် နောက်ဆုံးထုတ်လစာ၏ ၁၂ ဆနှင့် ညီမျှသော လုပ်သက်ဆုငွေကို ခံစားခွင့်ရှိသည်။