၂၀။ လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅) နှစ်မပြည့်သည့်ကိစ္စအတွက် လုပ်သက် ဆုငွေကို မည်သို့တွက်ချက်ရမည်နည်း။
နည်းဥပဒေ ၂၄၆ (က) (၁) အရ လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅) နှစ် မပြည့်သည့်ကိစ္စအတွက် လုပ်သက် ဆုငွေတွက်ချက်ရာတွင် လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၁၀၀% နှင့်တွက်ချက်၍ လုပ်သက်ဆုငွေရပါသည်။
လုပ်သက် (၁၀)နှစ်နှင့် အထက်ရှိသည်ကိစ္စနှင့် နှစ်ပြည့်ပင်စင် လျော့ပေါ့ပင်စင်ယူသည့်ကိစ္စ မျိုးတွင် ပင်စင်နှင့် လုပ်သက်ဆုငွေကို မည်သို့တွက်ချက်သနည်း။
နည်းဥပဒေ ၂၄၆ (ခ) (၁) အရ သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင် ယူရာတွင် ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် နှင့်အထက်ရှိသည့်ကိစ္စနှင့် နှစ်ပြည့်ပင်စင်၊ လျှော့ပေါ့ပင်စင်ယူသည့်ကိစ္စများတွင် ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို အောက်ပါအတိုင်း တွက်ချက်ခွင့်ပြုသည် –
- (၁) လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၁.၅% = ပင်စင်လစာ
- (၂) လုပ်သက်နှစ် × နောက်ဆုံးထုတ်လစာ × ၅၀% = လုပ်သက်ဆုငွေ