၁၇။ သက်ပြည့်ပင်စင် သို့မဟုတ် နာမကျန်းပင်စင် သို့မဟုတ် လျော်ကြေးပင်စင်ခံစားမည့် ဝန်ထမ်း၏လုပ်သက်တွင် နှစ်ပြည့်ရန်လိုနေသည့် (၆) လကို မည်သူက ခွင့်ပြုနိုင်ပါသနည်း။
နည်းဥပဒေ ၂၄၄၊ နည်းဥပဒေခွဲ (က) အရ သက်ပြည့်ပင်စင် သို့မဟုတ် နာမကျန်းပင်စင် သို့မဟုတ် လျော်ကြေးပင်စင်ခံစားမည့် ဝန်ထမ်း၏ လုပ်သက်တွင် နှစ်ပြည့်ရန်လိုနေသည့်(၆) လကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဖြည့်စွက်ခွင့်ပြုနိုင်သည်။